+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
Loss Leader

Loss Leader

Loss Leader ဆိုသည်မှာ ကုန်ပစ္စည်းအမျိုးအစားတခုကို ဈေးကွက်ပေါက်ဈေးထက်လျှော့၍ ရောင်းချပေးပြီး ကုမ္ပဏီအတွက် အမြတ်အစွန်းပို၍ရနိုင်မည့် အခြားကုန်ပစ္စည်းများ (သို့မဟုတ်) ဝန်ဆောင်မှုများကို ဝယ်ယူသူမျက်စိကျ၍ ဝယ်ချင်လာအောင် ကြိုးစားသည့် pricing strategy တမျိုး ဖြစ်သည်။
 
Loss Leader concept သည် ကုန်ပစ္စည်းကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့်ပို၍ ဆက်စပ်မှုရှိသော်လည်း ဝန်ဆောင်မှုကို ရောင်းချ၍ ဝင်ငွေရှာဖွေသော စီးပွားရေးလုပ်ငန်းများတွင် လည်း Loss Leader concept ကို ဆင်တူသော နည်းဗျုဟာများဖြင့် မိမိ၏ customer များကို ဆွဲဆောင်နိုင်ရန်နှင့် ဝင်ငွေပို၍ ရှာဖွေနိုင်ရန် အသုံးပြုကြသည်။ ထိုနည်းဗျုဟာများတွင် ကုန်ပစ္စည်းအား အရှုံးခံ၍ ရောင်းချခြင်းမဟုတ်ဘဲ ကုန်ပစ္စည်းနှင့်အတူ ပူးတွဲ ရောင်းချရသည့် ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းနှင့် ပူးတွဲပါရှိမည့် feature များ၏ ဈေးနှုန်းလျှော့၍ရောင်းချခြင်း (သို့မဟုတ်) free ဝန်ဆောင်မှုပေးခြင်း တို့ဖြင့် customer ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ပြီး ကုမ္ပဏီရှိ အခြားသော အမြတ်များများကျန်နိုင်မည့် ကုန်ပစ္စည်းများကို‌ရောင်းချနိုင်ရန်ကြိုးစားကြသည်။
 
ဝန်ဆောင်မှုကို ရောင်းချသည့် industry များတွင် loss leader strategy ကို အောက်ပါ ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသည်ကိုတွေ့ရသည်။
 
* အခမဲ့ အကြံပေးဝန်ဆောင်မှု ပေးခြင်း၊ အခမဲ့ စမ်းသပ်အသုံးပြုခွင့် ပေးခြင်း၊ ကနဦး စာမေးပွဲ ဖြေဆိုမှုများ၊ စစ်ဆေးမှုများကို အခမဲ့ ဆောင်ရွက်ပေးခြင်း။
* မိတ်ဆက်သည့်အနေဖြင့် ဈေးနှုန်းလျှော့ချထားသည့် ဝန်ဆောင်မှု package ကို Low-Cost Introductory အဖြစ် offer ပေးခြင်း
* ဝန်ဆောင်မှုများများဝယ်ယူလေ discount rate ပိုရလေဖြစ်သည့် Bundle Pricing ဖြင့် customer အား ပို၍ ဝယ်ချင်လာစေရန် ဆွဲဆောင်ခြင်း
* Subscribe လုပ်သည့် ပမာဏအပေါ်မူတည်၍ အပိုထပ်ဆောင်း (သို့) အထူးဝန်ဆောင်မှုများပေးခြင်း၊ လစဉ်ကြေး ပေးဆောင်ပြီး membership အဖြစ် enroll လုပ်ပါက ရရှိနိုင်မည့် အထူးဝန်ဆောင်မှု များကို provide လုပ်ခြင်း
* မိမိထံမှ ဝန်ဆောင်မှု package ခပ်ကြီးကြီးတခုဝယ်ယူထားသည့် customer အား တချို့သော ဝန်ဆောင်မှုနှင့် feature များကို အပိုဆောင်းအဖြစ်ပေးခြင်း။ (သတိပြုရန်မှာ မိမိမှ မေတ္တာလက်ဆောင် အဖြစ် ပေးသည့် ဝန်ဆောင်မှုနှင့် feature များသည် customer အတွက် value တစုံတရာရှိသည့် ဝန်ဆောင်မှု၊ feature ဖြစ်ရန် လိုသည်။)
 
သင်၏ လုပ်ငန်းအတွက် Pricing Strategy (ဈေးနှုန်းသတ်မှတ်မှုမဟာဗျူဟာ)ကို မှန်ကန်စွာ ဖြေရှင်းနိုင်ပြီး မိမိလုပ်ငန်းအတွက် marketing ဆိုင်ရာ ကြိုးပမ်းမှုများကို အဆင့်မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလိုပါက RVi Institute - Professional Development Team အား +959 961 798 285 | +959 4573 03825 မှတဆင့် ဆက်သွယ်ပါ။ [email protected] သို့ အီးမေးလ်ပေးပို့၍လည်း ဆက်သွယ်နိုင်ပါသည်။ ကောင်းမွန်ပြီး ထိရောက်သည့် marketing activities များကို လုပ်ဆောင်နိုင်ရန်နှင့် ကျွန်ုပ်တို့တွင် ရှိနေသည့် အဆုံးမရှိသော စီးပွားရေး တိုးတက်နိုင်မှု အလားအလာများကို ရှာဖွေကြမည့် ခရီးစဉ်တစ်ခုကို RVi နှင့်အတူ စတင်ကြပါစို့!
 
Even though the concept of Loss Leaders is more commonly associated with product-based businesses, there are analogous strategies that service-selling companies may employ to attract customers and generate revenue. These strategies may not involve selling a product at a loss but rather offering certain services or features at a reduced cost or even for free to entice customers and drive sales of other, higher-margin services.
 
In service industries, loss leader strategies may take various forms:
* Free Consultations or Trials: Offer free consultations, trials, or initial assessments.
* Low-Cost Introductory Offers: Offer introductory rates or discounted packages to attract new customers.
* Bundle Pricing: Bundle services together at a discounted rate to encourage customers to purchase more services upfront.
* Membership or Subscription Models: Offer subscription-based services or memberships aiming to provide the customers with access to a range of services at a fixed monthly fee.
* Value-Added Services: Offer certain services or features for free or at a reduced cost as part of a larger service package.
 
To discover how you can unleash your pricing strategy and elevate your marketing efforts, we invite you to contact us at +959 961 798 285 | +959 4573 03825 or email us at [email protected]. Let’s embark on a journey to unlock the endless possibilities of marketing together!
 

Loss Leader concept သည် ကုန်ပစ္စည်းကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့်ပို၍ ဆက်စပ်မှုရှိသော်လည်း ဝန်ဆောင်မှုကို ရောင်းချ၍ ဝင်ငွေရှာဖွေသော စီးပွားရေးလုပ်ငန်းများတွင် လည်း Loss Leader concept ကို ဆင်တူသော နည်းဗျုဟာများဖြင့် မိမိ၏ customer များကို ဆွဲဆောင်နိုင်ရန်နှင့် ဝင်ငွေပို၍ ရှာဖွေနိုင်ရန် အသုံးပြုကြသည်။