+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
FIVE DYSFUNCTIONS OF A TEAM

FIVE DYSFUNCTIONS OF A TEAM

FIVE DYSFUNCTIONS OF A TEAM
 
Teamwork (အသင်းအဖွဲ့အလိုက် လုပ်ငန်းများဆောင်ရွက်မှု) အကြောင်းဆွေးနွေးကြသောအခါ အသင်းအဖွဲ့တခု တည်ဆောက်ရာတွင် ရှိရမည့် အချက်အလက်များ၊ လုပ်ဆောင်ရမည့် တာဝန်များကို ထည့်သွင်းဆွေးနွေး၍ ထိုအချက်အလက်များ နှင့် လုပ်ငန်းတာဝန်များကို သေချာစွာ နားလည်ထားရန် လိုအပ်သည်။ Patrick Lencioni ရေးသားခဲ့သည့် အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ဆောင်းပါးတွင် အသင်းအဖွဲ့များ မလွဲမသွေကြုံတွေ့ရမည့် function (၅)ခု နှင့် ရှောင်ရှားသင့်သည့် လုပ်ငန်းဆောင်တာ dysfunction (၅)ခုကို ဖတ်ရှုနိုင်သည်။ ဤ ဆောင်းပါးတွင် ထိရောက်သည့် အဖွဲ့အစည်း တစ်ခု တည်ဆောက်ရာတွင် ရှောင်ရှားသင့်သည့် dysfunction (၅)ခုကို ဆွေးနွေးတင်ပြသွားပါမည်။
 
* Absence of Trust
ယုံကြည်မှုသည် teamwork ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အဖွဲ့ဝင်အချင်းချင်း၏ကြားတွင် ယုံကြည်မှု ပျောက်ဆုံးသောအခါ မိမိတို့၏ အားနည်းချက်များ၊ အမှားများကို ဝန်ခံရန် ခက်ခဲလာပြီး ကြုံတွေ့လာရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် မိမိ၏အားနည်းချက်များ၊ အမှားများကို ချပြဝန်ခံပြီး team mate များကို အကူအညီတောင်းရန် တွန့်ဆုတ်လာတတ်ကြသည်။ ထိုအခြေအနေသည် အားနည်းချက်မှင့်အမှားများကို ဖုံးကွယ်ထားပြီး မိမိကိုယ်မိမိ အထိမခံဘဲ ကာကွယ်တတ်သည့် အနေအထားသို့တွန်းပို့ပေးပြီး စည်းလုံးညီညွတ်သော အသင်းအဖွဲ့၊ ကြုံတွေ့လာသော အခက်အခဲများကို အသင်းအဖွဲ့လိုက် ရင်ဆိုင်ဖြေရှင်းကြရမည်ဟူသော စိတ်ဓာတ်ကို လျော့ကျသွားစေသည်။
 
* Fear of Conflict
Member များအကြား တဦးနှင့်တဦး ယုံကြည်မှုနည်းသော အသင်းအဖွဲ့များသည် ကြုံတွေ့လာသည့် ပြဿနာများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်၊ မတူညီသော အတွေးအမြင်များ၊ အကြံဉာဏ်များကို မျှဝေရန် ကြောက်ရွံ့လာတတ်ကြသည်။ မိမိ၏ပြောဆိုဆွေးနွေးမှုသည် အခြား team member များအတွက် အဆင်မပြေ ဖြစ်သွားပြီး ထိုသူတို့နှင့်မိမိအကြား conflict ဖြစ်လာမည်ကို ကြောက်ရွံ့လာကြသည်။
 
* Lack of Commitment
အဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်လာမည်ကို စိုးရွံ့သောကြောင့် ပွင့်လင်းမြင်သာသော ဆွေးနွေးတိုင်ပင်ခြင်း များကို ရှောင်ရှားကြသောအခါ အချို့သော team member များ၏ စိတ်တွင် မိမိတို့၏ ဆွေးနွေးမှုများ၊ အကြံဉာဏ်ပေးခြင်းများသည် အသိအမှတ်ပြုခြင်း၊ တန်ဘိုးထားခြင်းမခံရဟု ထင်မှတ်လာကြသည်။ ဤအခြေအနေ၏ အကျိုးဆက်အဖြစ် team member များသည် အဖွဲ့မှ ချမှတ်ထားသော ပန်းတိုင်သို့အရောက်သွားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများမှာ မိမိတို့နှင့် သက်ဆိုင်မှု မရှိ၊ မိမိ တို့တွင် တာဝန်မရှိဟု ခံစားလာတတ်ကြသည်။
 
* Avoidance of Accountability
အသင်းအဖွဲ့မှ ချမှတ်ထားသော ပန်းတိုင်သို့ အရောက်သွားကြရာတွင် team member များမှ မိမိတို့၏ တာဝန်များကို ကျေပွန်စွာလုပ်ဆောင်ကြမည်ဟူ၍ အခိုင်အမာသံန္ဓိဌာန်ချမှတ်ထားခြင်း မရှိပါက အသင်းအဖွဲ့အတွင်း Accountability (တာဝန်ခံခြင်း) ကို ရှောင်ရှားလာကြပြီး team member တဦးချင်းဆီမှ ၎င်းတို့၏ တာဝန်ရှိမှုကို မသိကျိုးကျွန်ပြုလာကြသည်။
 
* Inattention to Results
Team member များ တဦးချင်းစီ ကိုယ်ပိုင်တာဝန်ယူမှု မရှိပါက teamwork ၏ သဘောတရားကို သတိမမူနိုင်တော့ဘဲ မိမိ၏ ပုဂ္ဂိုလ်‌ရေးရာ ရည်မှန်းချက်များ ပြည့်မှီစေရန်ပို၍ ဦးစားပေးလာကြသည်။ အသင်းအဖွဲ့၏ အောင်မြင်မှုအတွက် မိမိ၏ စုထည့်မှု၊ ပါဝင်မှု အားနည်းခဲ့သည့်အချက်ကို မိမိတဦးထဲ လုပ်ဆောင်ခဲ့ပြီးရရှိခဲ့သည့် individual result ဖြင့် ဖုံးကွယ်ရန်ကြိုးစားလာတတ်ကြသည်။
 
သင်၏ team သည် အထက်ပါ dysfunction များထဲမှ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ကြုံတွေ့နေရပါက ထို dysfunction များကို အမြန်ဆုံးဖြေရှင်းနိုင်မည့် နည်းလမ်းပေါင်းများစွာ RVi ၌ ရှိနေပါသည်။ သင့်အား ထိုနည်းလမ်းများကို ဝေမျှပေးရန် RVi မှ အဆင်သင့် ရှိနေပြီး ထိုသို့ကူညီပေးရန်အတွက်လည်း ဝမ်းမြောက်ဝမ်းသာရှိပါသည်။ RVi အား +959 961 798 285 | +959 4573 03825 သို့ ဖုန်းဖြင့်ဆက်သွယ်၍သော်လည်းကောင်း [email protected] သို့ email ပို့၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်လိုက်ပါ။
 
When discussing teamwork, it is essential to understand the key factors and functions necessary for building effective teams. According to Patrick Lencioni’s Framework, there are five critical “Functions” and five corresponding “Dysfunctions” that teams may encounter. In this article, we will explore the “Five Dysfunctions” that teams may face during the stages of building a productive team.
 
* Absence of Trust
Trust is the foundation of teamwork. When team members lack trust in one another, they are reluctant to admit their weaknesses and mistakes, and they feel burdened when asking for help. This leads to a state of invulnerability where individuals prioritize self-protection over thinking as a cohesive team.
 
* Fear of Conflict
Teams that lack trust often fear conflict and are reluctant to discuss controversial topics or share diverse perspectives and ideas.
 
* Lack of Commitment
When teams avoid open discussion due to a fear of conflict, team members often feel that their ideas and opinions are undervalued. This can lead to detachment or resentment, resulting in a lack of commitment to the chosen approach or common goal.
 
* Avoidance of Accountability
Without commitment, team members are less likely to feel accountable for achieving the team’s goal. This leads to an avoidance of accountability, where individuals do not take responsibility for their contributions.
 
* Inattention to Results
When team members do not hold themselves accountable, they are more likely to become distracted and focus on their individual goals rather than the collective objectives. They may even justify their lack of contribution to the team’s success by claiming they did their best to achieve their personal goals.
 
If your team is experiencing one or more of these dysfunctions, there are many ways to address and resolve them quickly. We are more than happy to share solutions with you. Contact us at +959 961 798 285 | +959 4573 03825 or email us at [email protected]. Let’s embark on a journey to unlock endless possibilities together!

According to Patrick Lencioni’s Framework, there are five critical “Functions” and five corresponding “Dysfunctions” that teams may encounter.