+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
HOW TO IMPROVE RELATIONSHIP: BIDS FOR CONNECTION

HOW TO IMPROVE RELATIONSHIP: BIDS FOR CONNECTION

Gottman Institute ကို တည်ထောင်သူနှင့် clinical psychologist များဖြစ်ကြသည့် Dr. John Gottman နှင့် သူ၏ ဇနီး Dr. Julie Gottman တို့သည် လူတို့အကြား ပေါင်းသင်းဆက်ဆံခြင်းကို သေချာစွာလေ့လာဆန်းစစ်၍ “bidding system”ဟု အမည်ပေးထားသော theory တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို bidding system ကို အသုံးပြုပြီး ကျွန်ုပ်တို့သည် လူတစ်ဦးနှင့်တစ်ဦးအကြားရှိ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးကို ကောင်းစွာ အကဲဖြတ်နိုင်သည်။ ထို စနစ်ကို အသုံးပြု၍ ဌာနတခုအတွင်း အတူတကွအလုပ်လုပ်ကိုင်ကြသော လူနှစ်ယောက် အကြား အချိန်ကာလမည်မျှအထိ လက်တွဲလုပ်ကိုင်နိုင်ကြမည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ ထို bidding system မည်ကဲ့သို့ အလုပ်လုပ်သည်ကို လေ့လာဆန်းစစ်ကြည့်ကြပါစို့။
 
ဥပမာ - သင် positive bid တစ်ခုကို ဖန်တီးလိုက်သည်ဆိုပါစို့။ (Positive Bid ကိုဖန်တီးရာတွင် စကားလုံးသာပါမက ကိုယ်အမူအရာကိုလည်း အသုံးပြုနိုင်သည်) သင်သည် လုပ်ဖော်ကိုင်ဖက်အား လဘက်ရည်သောက်မလား ဟု မေးလိုက်သည်။ သင်၏ လုပ်ဖော်ကိုင်ဖက်မှ သင်၏ positive bid ကို အောက်ပါ နည်းလမ်း(၃)ခုဖြင့် တုံ့ပြန်နိုင်သည်။
 
Turn Towards: သင်၏ လုပ်ဖော်ကိုင်ဖက်မှ ထို positive bid ကို အသိအမှတ်ပြု၍ သင့်အား လေးစားသမှု ပြသ၍ တုံ့ပြန်ခြင်း။ “ကျေးဇူးတင်ပါတယ်။ ကျနော်အခုဘဲ ကော်ဖီသောက်ထားပါတယ်”
 
Turn Against: သင်၏လုပ်ဖော်ကိုင်ဖက်မှ သင်၏ ကမ်းလှမ်းချက် (positive bid) ကို ‌ဒေါသတကြီး (သို့မဟုတ်) ဒါလေးတောင်မသိဘူးလား စိတ်ရှုပ်စရာကောင်းလိုက်တာဆိုသည့် အမူအရာဖြင့် “ကျနော် လဘက်ရည် မသောက်တာ ခင်ဗျား မသိဘူးလား” ဟု တုံ့ပြန်ခြင်း။
 
Turn Away: သင်၏ လုပ်ဖော်ကိုင်ဖက်မှ သင်၏ positive bid ကိုမသိကျိုးကျွံပြုခြင်း။ ဥပမာ - ကွန်ပြူတာမှ မျက်လုံးမခွာဘဲ သင့်၏ ကမ်းလှမ်းချက်ကို မကြားဟန်ဆောင်ခြင်း။
 
ထို တုံ့ပြန်မှု (၃)ခုတွင် မည်သည့်တုံ့ပြန်မှုသည် အဆိုးဝါးဆုံးဖြစ်မည်ဟု သင်ထင်သနည်း။ “Turn Against” နည်းဖြင့် တုံံ့ပြန်ခြင်းသည် လူနှစ်ဦးအကြားမှာ ရှိသည့် ဆက်ဆံရေးကို အဆိပ်အတောက်ဖြစ်စေနိုင်သည်ဟု အများစုက ထင်မြင်ယူဆကြသည်။ အမှန်တကယ်တွင် “Turn Away” နည်းဖြင့် တုံ့ပြန်ခြင်းသည် ရှိရင်းစွဲ ဆက်ဆံရေးကို ဆိုးဝါးစွာပျက်စီးစေနိုင်ကြောင်း ပညာရှင်များက ထောက်ပြဆွေးနွေးထားသည်။
 
လုပ်ငန်းခွင်ထဲတွင်လည်း ထိုကဲ့သို့ Turn Away Bidding များ ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ဥပမာ - group chat များတွင် ပို့ထားသော message များကို reply မပြန်ခြင်း၊ mail များကို အချိန်မီ reply မပြန်ခြင်း၊ acknowledge မလုပ်ခြင်း၊ ဖုန်းခေါ်ဆိုမှုများ - missed calls များကို အရေးတယူ ပြန်လည်ခေါ်ဆိုမှုမရှိခြင်း၊ စည်းဝေးထဲတွင် မိမိဘက်မှ တင်ပြမှုများ၊ ဝေမျှမှုများ၊ အကြံပေးမှုများ၊မှတ်ချက်ပေးမှုများကို appreciation မရှိခြင်း၊ မိမိဘက်မှ ထည့်ဝင်မှုများကို ကုမ္ပဏီအတွက် လုပ်ငန်းဆောင်ရွက်ပေးသည်ဟု မယူဆဘဲ “ပြစ်ဒဏ်” (သို့မဟုတ်) “မှားယွင်းသောလုပ်ရပ်” “မလိုအပ်ဘဲ လုပ်သည့်အလုပ်”ဟု သတ်မှတ်ခံရခြင်း။
 
ယနေ့ခေတ်၏ အလုပ်များသော ခေါင်းဆောင်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိလက်ခံရရှိသော positive bid များကို (တမင်သက်သက်ရည်ရွယ်၍ လုပ်ဆောင်ခြင်းမဟုတ်ဘဲ) လစ်လျူရှု့မိတတ်ကြသည်။ Team တစ်ခုကို ဦးဆောင်၍ လုပ်ငန်းများဆောင်ရွက်ကြရာတွင် မိမိနှင့် မိမိ၏ team member များ ကြားတွင် ခိုင်မာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော relationship ကို တည်ဆောက်ကြရမည်ဖြစ်သည်။ မိမိအတွက် positive bid များကို ဖန်တီးခြင်းသည် အရေးကြီးသကဲ့သို့ မိမိ၏ team member များထံမှ ရရှိသည့် positive bid များ ကိုလည်း သေချာစွာ အာရုံထား၍ တုံ့ပြန်ပေးရန်လိုအပ်သည်။ ထိုကဲ့သို့ လိုက်နာကျင့်ကြံပါက ကောင်းမွန်သော relationship ရှိသည့် အသင်းအဖွဲ့တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
 
Positive bid များဖန်တီးပါ။ အခြားသူများ ဖန်တီးသည့် positive bid များကို သေချာစွာအာရုံထား၍ ကောင်းမွန်စွာတုံ့ပြန်ပါ။ ရာထူးအကြီး၊အသေးကို မကြည့်ဘဲ လေးစားသမှုပြသပါ၊ မိမိအား လေးစားစွာဆက်ဆံရန် တောင်းဆိုပါ၊ ကုမ္ပဏီမှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို လေးစားလိုက်နာ၍ ကျော်ခြင်း ခွခြင်းများကို ရှောင်ရှားပါ၊ စသည့် အချက်များကို လိုက်နာကျင့်သုံးပါက သင်၏ အသင်းအဖွဲ့အတွင်း ချစ်ခင်လေးစားမှု၊ အတူအကွလက်တွဲလုပ်ဆောင်လိုမှုများ တိုးပွားလာပါလိမ့်မည်။
 
သင်၏ လုပ်ငန်းခွင်တွင် teamwork ကို မည်သို့ မြှင့်တင်ရမည်ကို ရှာဖွေဖော်ထုတ်လိုပါက RVi ကို +959 961 798 285 | +959 4573 03825 | [email protected] | [email protected] မှ တဆင့် ဆက်သွယ်လိုက်ပါ။
 
Dr. John Gottman and his wife Dr. Julie Gottman, clinical psychologist and the founders of the Gottman Institute, learned a way of analyzing interactions between people namely “bidding system” to access the quality of their relationship. Using this system, we are able to predict whether people would still be working together under the same umbrella. Let’s see how this bidding system works.
 
You make a “positive bid’, a gesture for connection with someone. Maybe, you ask your colleague if he wants a cup of tea. Your colleague can respond to that positive bid in three ways.
 
Turn Towards: Where he recognizes a bid has been made and respond positively to it. “Oh no thanks, I’ve got a coffee.”
 
Turn Against: Where he recognizes a bid has been made and reject the bid and respond with aggression or frustration. “You know I don’t drink tea?”
 
Turn Away: Where he ignores or miss the bid. Your colleague doesn’t look up from the laptop and doesn’t reply anything.
 
Which respond is the worst among these three? Most people assume “Turn Against” is the most toxic, but it’s actually the “Turn Away” that damage our relationship the most.
 
In the workplace it’s things like emails, messages in chat groups and phone calls being ignored, presentations, comments and recommendations in the meetings being disregarded without response or validation, work being reviewed and returned as “fine”. Now as a busy leader we can miss bids unintentionally, but when leading a team, we need to form and maintain strong, happy relationships with our teams. We make positive bids ourselves and pay greater attention to the positive bids being made from our team will massively help establish good relationships in and amongst your team.
 
Make positive bids, pay attention to positive bids and response positively, seek respect and respect to others and practice office protocols will improve teamwork.
 
To discover how you can improve teamwork, we invite you to contact us at +959 961 798 285 | +959 4573 03825 or email us at [email protected] | [email protected]. Let’s embark on a journey to unlock the endless possibilities of building teamwork together!

Positive bid များဖန်တီးပါ။ အခြားသူများ ဖန်တီးသည့် positive bid များကို သေချာစွာအာရုံထား၍ ကောင်းမွန်စွာတုံ့ပြန်ပါ။ ရာထူးအကြီး၊အသေးကို မကြည့်ဘဲ လေးစားသမှုပြသပါ၊ မိမိအား လေးစားစွာဆက်ဆံရန် တောင်းဆိုပါ၊ ကုမ္ပဏီမှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို လေးစားလိုက်နာ၍ ကျော်ခြင်း ခွခြင်းများကို ရှောင်ရှားပါ၊ စသည့် အချက်များကို လိုက်နာကျင့်သုံးပါက သင်၏ အသင်းအဖွဲ့အတွင်း ချစ်ခင်လေးစားမှု၊ အတူအကွလက်တွဲလုပ်ဆောင်လိုမှုများ တိုးပွားလာပါလိမ့်မည်။