+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
FIVE FUNCTIONS OF A TEAM

FIVE FUNCTIONS OF A TEAM

 
အသင်းအဖွဲ့တစ်ခု၏ productivity ကို မြှင့်တင်နိုင်ရန်အတွက် လိုက်နာကျင့်သုံးရမည့် behavior (၅)ခုမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြုသဘောဆောင်သည့် ပဋိပက္ခများကို ဖန်တီးခြင်း၊ မိမိပြုလုပ်ရမည့် လုပ်ငန်းတာဝန်များကို ကောင်းစွာသိရှိပြီး စိတ်ကို နှစ်မြှပ်ထားနိုင်ခြင်း၊ အခြား team member များ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအတွက်လည်း မိမိ၌ တာဝန်ရှိသည်ဟု စွဲမှတ်ခံယူခြင်း နှင့် အသင်းအဖွဲ့လိုက် ရရှိအောင်ဆောင်ရွက်ရမည့် ရလဒ်အပေါ်တွင် အာရုံစူးစိုက်ထားနိုင်ခြင်း တို့ဖြစ်သည်။
 
TRUST
အရေးအပါဆုံးနှင့် အခြေခံအကျဆုံးသော behavior မှာ trust (team member များ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု) ရှိခြင်းဖြစ်သည်။ ယုံကြည်မှု မရှိခဲ့ပါက အသင်းအဖွဲ့လိုက် ချိတ်ဆက်လုပ်ကိုင်ရသော လုပ်ငန်းများ တွင် တိုးတက်မှုနှေးကွေးနိုင်သည်။ Team member များအကြား မိမိတို့၏ အားနည်းချက်၊ မိမိတို့ လုပ်ဆောင်ခဲ့သည့် အမှားတို့ကို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးနိုင်သည့် ယုံကြည်မှုရှိခြင်းသည် အသင်းအဖွဲ့အတွင်း ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်နိုင်၍ လွန်စွာအရေးပါသော behavior တစ်ခုဖြစ်သည်။
 
CONFLICT
ပဋိပက္ခဟူသော စကားလုံးသည် နာကျင်ခံစားရခြင်းဆိုသည့် ရလဒ်ကို ဆောင်ကျဉ်းပေးလေ့ရှိသဖြင့် ထိုစကားလုံးကို ကြားလိုက်သည်နှင့် ကျွန်ုပ်တို့၏ အတွေးထဲတွင် negative သဘောဆောင်သည် ဟု ထင်မြင်ယူဆလေ့ရှိကြသည်။ Teamwork အကြောင်း ပြောဆိုဆွေးနွေးကြသောအခါ conflict ၏ အဓိပ္ပာယ်သည် negative သဘော သက်ရောက်ခြင်းမရှိဘဲ team အတွင်း ပို၍ စည်းလုံးသွားစေသည့် behavior တစ်ခုဟု နားလည်ထားသင့်သည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိလာပါက မိမိအကြောင်း အကောင်းအဆိုး အိတ်သွန်ဖာမှောက်ဖွင့်ဟပြောဆိုလာကြပြီး မိမိအမြင်ကိုလဲ ပွင့်ပွင့်လင်းလင်း ချပြနိုင်လာကြသည်။ အပြုသဘောဆောင်သည့် ပဋိပက္ခများ (constructive conflicts) ကို ဖန်တီးခြင်းဖြင့် ပိုမိုကောင်းမွန်သော solution များကို ရရှိနိုင်သည်။
 
COMMITMENT
ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိစေသည့် အငြင်းအခုံနှင့် ပဋိပက္ခများပါဝင်သော ဆွေးနွေးမှုများ (constructive conflicts) ကို ဖန်တီးနိုင်လာသည့်အခါ ထိုဆွေးနွေးမှုများ ထဲမှ အကောင်းဆုံး solution ကို အများသဘောတူ‌ရွေးချယ်ပြီး အကောင်အထည်ဖော်နိုင်လာသည်။ ထိုသို့ အတူဆွေးနွေးတိုင်ပင်၍ အများသဘောတူ ရွေးချယ်ခဲ့သည့်အတွက် ဤsolution ကို အဘယ့်ကြောင့် ရွေးချယ်ခဲ့သည်။ မည်ကဲ့သို့ အကောင်အထည်ဖော်ကြမည်။ မည်သူက မည်သည့်တာဝန် လုပ်ဆောင်ရမည်ဆိုသည့် အပိုင်းတို့သည် ရှင်းလင်းသွားပြီး team member များ အကြား commitment ရှိလာသည်။
 
ACCOUNTABILITY
တာဝန်ယူခြင်း/ တာဝန်ခံခြင်း ဆိုသော behavior သည် လိုက်နာဆောင်ရွက်ရန် အခက်အခဲဆုံးဖြစ်သည်။ တချို့သော team member များသည် responsibility (တာဝန်ရှိခြင်း)ကို ကောင်းစွာနားလည်ကြသော်လည်း team member များအကြား တစ်ဦးနှင့်တစ်ဦး တာဝန်ခံခြင်း/ တာဝန်ယူခြင်းဖြင့် မြဲမြံစွာ ချိတ်ဆက်ထားနိုင်ခြင်း ၏ အရေးပါပုံကို နားလည်သဘောပေါက်ခြင်းမရှိကြပေ။ ဆိုလိုသည်မှာ မိမိလုပ်ဆောင်ရမည့်တာဝန်များကို ကျေပွန်စွာလုပ်ဆောင်ပြီး အခြား team member များ၏ တာဝန်များကို နားလည်အောင်၊ သိရှိအောင် မကြိုးစားခြင်းကြောင့် team အတွင်း “မင်းနောက်မှာ ငါတို့ရှိတယ်” ဆိုသည့် စိတ်ဓာတ်ခွန်အား မရှိတော့ဘဲ တ‌ယောက်နှင့်တယောက်ဆုပ်ကိုင်ထားနိုင်မှု ပျောက်ဆုံးတတ်သည်။ တာဝန်ယူခြင်း/ တာဝန်ခံခြင်းသည် အသင်းအဖွဲ့တစ်ခု၏ “အတူတကွ အင်တိုက်အားတိုက်ဆောင်ရွက်နိုင်မှုစွမ်းအား”ကို ဖန်တီးပေးနိုင်သည်။
 
RESULT
အထက်ပါ behavior (၄)ခုစလုံးကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါက အသင်းအဖွဲ့ တစ်ခုလုံးသည် တစ်ဦးချင်းတစ်‌ယောက်ချင်းစီ ရောက်ရှိရမည့် ပန်းတိုင်ထက် team goal ၊ အတူအကွ ရောက်ရှိရမည့် ပန်းတိုင်ကို ပို၍အာရုံစူးစိုက်နိုင်လာကြသည်။ အတူအကွ ‌ရောက်ရှိရမည့် ပန်းတိုင်၏ အရေးပါမှုကို team member များ ပို၍ နားလည်လာပြီး ထိုပန်းတိုင်ကို အားလုံးအတူအကွရောက်ရှိသွားခြင်း သည် မိမိတို့တစ်ဦးချင်းစီအတွက် ဆုတစ်ခု ချီးမြှင့်ခံရသကဲ့သို့ မှတ်ယူလာကြသည်။
 
Team တစ်ခုတွင် ရှိရမည့်၊ လိုက်နာကျင့်သုံးသင့်သည့် behavior များအား ပျိုးထောင်ပေးရမည့် နည်းလမ်းများ အတွက် အကြံဉာဏ်များရယူလိုပါက RVi အား +959 961 798 285 | +959 4573 03825 သို့ ဖုန်းဖြင့်ဆက်သွယ်၍သော်လည်းကောင်း [email protected] | [email protected] သို့ email ပို့၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်လိုက်ပါ။
 
The five behaviors that a team must practice to maximize their productivity are Trust, Conflict, Commitment, Accountability and Results. Patrick Lencioni identified that each behavior builds upon the previous one and supports the others. When Trust is lost among the team members, they become hesitant to share their weaknesses and mistakes. Instead, they hide their shortcomings from others, avoiding the healthy conflict necessary to find solutions to problems they encounter at work. This ultimately leads to a “Fear of Conflict”. If trust exists, team members will not fear engaging in healthy conflicts during discussions.
 
TRUST
The first and most foundational behavior of a team is “Trust”. Without trust, the team can make little progress toward overall cohesiveness. Vulnerability-based trust (the ability to expose one’s weaknesses) is crucial for building strong relationships within the team.
 
CONFLICT
When people hear the word “Conflict”, they often perceive it as something negative that causes hard feelings. However, in the context of teamwork, when trust is established, team members feel secure and comfortable enough to be honest and open with each other, making conflict constructive rather than destructive.
 
COMMITMENT
After engaging in constructive conflicts, a team is able to choose the best solutions and all members clearly understand how to implement these solutions, who is responsible for what, and why a particular solution was selected. This clarity leads to a strong sense of commitment among team members.
 
ACCOUNTABILITY
Accountability is often the most challenging behavior to master.
Even though some team members may understand their responsibilities, they might not realize the importance of holding each other accountable. Accountability becomes part of a team’s overall dynamic.
 
RESULTS
When a team embodies all four of the previous behaviors, they can focus on achieving their goals and collective results, rather than individual accomplishments. Team members understand that team’s goals and collective success are important, and everyone feels rewarded by contributing to the team's results.
 
To cultivate these behaviors among your team members, we have plenty of ways. Kindly contact us at +959 961 798 285 | +959 4573 03825 or email us at [email protected] |

The five behaviors that a team must practice to maximize their productivity are Trust, Conflict, Commitment, Accountability and Results. Patrick Lencioni identified that each behavior builds upon the previous one and supports the others.

  • Team, RViPD