+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
FUTURE-THINKING LEADERSHIP

FUTURE-THINKING LEADERSHIP

 
လက်ရှိခေတ်ကာလအခြေအနေတွင် လူတိုင်း မိမိ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုရှိနေကြသည်မှာ ပုံမှန်အခြေအနေတခုကဲ့သို့ ဖြစ်လာပြီး ရှေ့တွင်ယခုထက်ပို၍ ဆိုးဝါးစွာကြုံတွေ့လာရနိုင်ဖွယ်ရှိသည်ဟူ၍ လည်း သုံးသပ်လာကြသည်။ (၂၀၁၉)ခုနှစ် ကိုဗစ်ကပ်ရောဂါ ဆိုက်ရောက်လာခြင်းသည် လူတို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကို ပို၍ ကြီးထွား လာစေခဲ့သည်။ ကိုဗစ်နောက်ပိုင်းကာလများတွင်လည်း ပြည်တွင်းစစ်များ၊ နိုင်ငံရေး ပဋိပက္ခများ၊ ရာသီဥတု ပြောင်းလဲမှူများ၊ ငွေကြေးဖောင်းပွခြင်းနှင့် ငွေကြေးဈေးနှုန်းအတက်အကျများ၊ လုပ်ငန်းခွင်အတွင်း လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့် အခြားမတည်ငြိမ်မှုကို ဖြစ်စေသည့် အချက်များကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာမြေ၏ အနာဂတ်ကို တွေးဆ၍ မရနိုင်အောင် ဖြစ်လာသည်။
 
အနာဂတ်အတွက် ကြိုတင်တွေးတော၍ အစီအစဉ်ရေးဆွဲခြင်းသည် လူတိုင်းအတွက် အလွန်အရေးပါသည်။ ယခင်က မိမိအနာဂတ်ကို ကြိုတင်တွေးတော၍ အစီအစဉ်များရေးဆွဲခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ခဲ့သည်။ ယခင်က ကြုံတွေ့ခဲ့ရသော၊ လတ်တလော ကြုံတွေ့နေရသော စိမ်ခေါ်မှုများရှိ နေသော်လည်း အပြုသဘောဆောင်သည့်၊ အနာဂတ်ကို ဦးစားပေးသည့် mindset မွေးမြူနိုင်ခြင်းသည် လူတစ်ဦးချင်းစီ အတွက်သော်လည်းကောင်း၊ ကုမ္ပဏီ အဖွဲ့အစည်းအတွက် သော်လည်းကောင်း လွန်စွာအရေးကြီးသည်။ အနာဂတ်ကို ဦးစားပေးသည့် mindset ၊ အနာဂတ်ကိုအာရုံစိုက်၍ မိမိတို့ လျှောက်ရမည့် လမ်းကြောင်းများအတွက် စဉ်းစားခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း (grow) နှင့် လဲကျလျှင်ပြန်ထနိုင်သည့် စိတ်ဓာတ် (resilience) အတွက် အဓိကကျ၍ အရေးပါသည်။
 
ခေါင်းဆောင်များအနေနှင့်လည်း အနာဂတ်ကို အာရုံစူးစိုက်ခြင်းသည် အနာဂတ်တွင် ၎င်းတို့ ကြုံတွေ့လာနိုင်သည့် ဖြစ်နိုင်ခြေရှိသော အ‌ခြေအနေများစွာကို ပုံဖော်ကြည့်တတ်လာစေသည်။ ထိုသို့ အနာဂတ်ကို ပို၍ အာရုံစူးစိုက် လာခြင်းသည် မိမိတို့ ဖြစ်ချင်သည့်၊ ရောက်ချင်သည့် အနာဂတ်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် နည်းဗျုဟာများကို ဖန်တီးနိုင်လာသည်။ Future thinking process တွင် အစိတ်အပိုင်း (၃)ခုပါဝင်သည်။ (၁) မိမိတို့ကြုံတွေ့နိုင်သည့် အခြေအနေ အမျိုးမျိုးကို စဉ်းစားတွေးတော၍ အစီအစဉ်များရေးဆွဲခြင်း - scenario planning (၂) မိမိတို့၏ ပတ်ဝန်းကျင်တွင် လေ့လာတွေ့ရှိနေရသော ပြောင်းလဲနေသည့် လမ်းကြောင်းများ (trends)၊ တွန်းအားပေးသည့် အရာများ (drivers) နှင့် ထင်မြင်ယူဆချက်များ (assumptions) တို့ကို အခြေခံ၍ အဖြစ်နိုင်ဆုံး alternate future scenario ကို ဖန်တီးခြင်း နှင့် (၃) ဆုံးဖြတ်ချက်ချခြင်းတို့ဖြစ်သည်။
 
အနာဂတ်ကို focus လုပ်၍ ရှေ့ဆက်ရမည့်ခရီးပန်းတိုင်ကို စဉ်းစားအကောင်အထည်ဖော်သည့် ခေါင်းဆောင်များ သည် ဖြစ်နိုင်ခြေရှိသော၊ အကောင်အထည်ဖော်၍ ရနိုင်လောက်သော လမ်းကြောင်းများစွာကို စဉ်းစားပြင်ဆင် ထားကြသည်။ ထို plan များကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများ၊ အတားအဆီးများကို ကြို၍ မှန်းဆထားကြသည်။ ဤ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ချဉ်းကပ်မှုသည် အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်း နှင့် Plan B ထားရှိသည့် နည်းလမ်းများထက် များစွာ ကောင်းမွန်သည်။ Future Thinking (သို့မဟုတ်) future-focused mindset ရှိသည့် ခေါင်းဆောင်များသည် ၎င်းတို့လျှောက်လှမ်းရမည့် အနာဂတ်ခရီးတွင် ပစ်မှတ်တခုထဲကိုသာ ဦးတည်၍ ထိုပစ်မှတ်ကိုသာ ချိန်ရွယ်ပစ်ခတ်သော ခေါင်းဆောင်များမဟုတ်ကြဘဲ သူတို့၏ စိတ်ပိုင်းဆိုင်ရာ (psychological resources) ၊ ဆက်စပ်သိမြင်နိုင်စွမ်းသည့် အာရုံပိုင်းဆိုင်ရာ (cognitive resources) နှင့် စိတ်ခံစားမှုဆိုင်ရာ အရင်းအမြစ်များ (emotional resources) ကိုပါအသုံးချ၍ အနာဂတ်တွင် ဖြစ်နိုင်သော အခြေအနေများစွာကို တွက်ဆ၍ ပုံဖော်ဖန်တီးကြသည်။
 
ကျွန်ုပ်တို့၏ RVi သင်တန်းကျောင်းတွင် သင်၏ လုပ်ဖော်ကိုင်ဖက်များအတွက် ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု နှင့် အသိပညာများရရှိစေရန် တက်ရောက်နိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ အနာဂတ်ကို ကောင်းစွာ မခန့်မှန်းနိုင်၊ မဆုပ်ကိုင်နိုင်သော ယခုကဲ့သို့သောအချိန်ကာလတွင် သင်၏ လုပ်ဖော်ကိုင်ဖက်များအား ၎င်းတို့ သင်ယူတတ်မြောက်ရန်လိုအပ်နေသည့် leadership competencies များကို ကူညီသင်ပြပေးရန် ကျွန်ုပ်တို့ RVi မှအဆင်သင့် ရှိနေပါသည်။
 
It's normal for someone to feel uneasy these days about the future. The road ahead seems increasingly uncertain. Since 2019, the pandemic has amplified our anxieties about what lies ahead. Post-pandemic, the world has become even more unpredictable, with civil wars, political conflicts, climate change, fluctuating exchange rates, rapid digital transformation in the workplace, and many other uncertainties.
 
Thinking about and planning for the future is crucial for everyone. In the past, planning for the future used to feel exciting and brought us a greater sense of happiness. Despite the challenges we've faced in recent years, maintaining a positive, future-oriented mindset is essential for both individuals and organizations. Future thinking and a future-focused mindset are indispensable for our growth and resilience.
 
As leaders as well, future thinking becomes a practice that enables them to envision multiple future scenarios. This allows us to create strategies to achieve the desired future. Futures thinking involves three key components: (1) Scenario Planning, (2) Developing alternative future scenarios based on different trends, drivers, and assumptions and (3) decision making.
 
Future-thinking leaders prepare for multiple possible futures, anticipating roadblocks and setbacks that may arise. This approach goes beyond predicting the future or simply having a Plan B. They don’t see the future as a single target on a timeline. Instead, they use their psychological, cognitive, and emotional resources to envision various future states and possible paths.
 
At RVi, you can explore a range of leadership programs designed to equip you with the necessary skills and knowledge. We are committed to helping our colleagues develop the leadership competencies needed for success in an unpredictable world.

Future thinking process တွင် အစိတ်အပိုင်း (၃)ခုပါဝင်သည်။ (၁) မိမိတို့ကြုံတွေ့နိုင်သည့် အခြေအနေ အမျိုးမျိုးကို စဉ်းစားတွေးတော၍ အစီအစဉ်များရေးဆွဲခြင်း - scenario planning (၂) မိမိတို့၏ ပတ်ဝန်းကျင်တွင် လေ့လာတွေ့ရှိနေရသော ပြောင်းလဲနေသည့် လမ်းကြောင်းများ (trends)၊ တွန်းအားပေးသည့် အရာများ (drivers) နှင့် ထင်မြင်ယူဆချက်များ (assumptions) တို့ကို အခြေခံ၍ အဖြစ်နိုင်ဆုံး alternate future scenario ကို ဖန်တီးခြင်း နှင့် (၃) ဆုံးဖြတ်ချက်ချခြင်းတို့ဖြစ်သည်။