+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
HOW TO BUILD TEAM ALIGNMENT

HOW TO BUILD TEAM ALIGNMENT

ပန်းတိုင်တစ်ခုသို့ အသင်းအဖွဲ့ဝင်များအားလုံး အတူတကွ ဦးတည်လျှောက်လှမ်းပြီး အတူအကွ ပူးပေါင်းဆောင်ရွက်မှုရှိနေခြင်း (team alignment) ကို ဖန်တီးရယူနိုင်ရန်အတွက် အသင်းအဖွဲ့ဝင်များအားလုံး အာရုံစူးစိုက်ရမည့် ဧရိယာ (၃)ခုရှိသည်။ ၎င်းတို့မှာ (1) Shared Goals - အသင်းအဖွဲ့လိုက် ရောက်အောင်သွားရမည့်ပန်းတိုင် နှင့် တစ်ဦးချင်းစီ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ကောင်းစွာနားလည်သဘောပေါက်၍ ထိုလုပ်ငန်းတာဝန် များအကြား alignment ရှိ‌စေရန် ကြိုးစားခြင်း (ဥပမာ- team goal က အရှေ့အရပ်ဖြစ်နေပြီး၊ team member များ၏ goal မှာ အနောက်၊ မြောက်၊ တောင်အရပ်စသဖြင့် ကွဲပြားနေခြင်းမရှိဘဲ၊ team goal နှင့် team member များ၏ goal မှာ တထပ်တည်းကျနေခြင်း)။ (2) Resourcing - တစ်ဦးချင်းစီလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ထားပြီး ကျန် team member များအားလုံးမှလည်း ထိုတာဝန်ခွဲဝေမှုကို သိထားခြင်း။ (3) Culture - အသင်းအဖွဲ့အတွင်း လုပ်ငန်းတာဝန်များကို အတူအကွမည်ကဲ့သို့လုပ်ဆောင်ကြမည်ကို သတ်မှတ်ခြင်း တို့ဖြစ်သည်။
 
Shared Goals – Alignment on What We Are Doing
Shared goals များကို ဖန်တီးရန်အတွက် team memberများအားလုံး ကုမ္ပဏီ၏ vision ၊ mission တို့ကို သေချာနားလည်ထားရန်လိုသည်။ ကုမ္ပဏီ ၏ vision ကို အရောက်သွားနိုင်ရန်အတွက် goal များကို သတ်မှတ်ရသည်။ မိမိ၏ team မှ အကောင်အထည်ဖော်ရမည့် goal ကို ချမှတ်ရာတွင်လည်း SMART (Specific, Measurable, Achievable, Relevant and Time-bound) ဖြစ်ရန်လိုအပ်ပြီး အသင်းအဖွဲ့ဝင်များအားလုံးမှ ထို goal ကို နားလည်၊ သဘောတူလက်ခံနိုင်ရန်လည်း လိုအပ်သည်။ ဤအဆင့်တွင် team member များအကြား ကောင်းမွန်ထိရောက်သော ဆက်သွယ်ပြောဆိုနိုင်ခြင်း (effective communication) ရှိရန်လိုအပ်ပြီး မိမိဆောင်ရွက်နေသည့် လုပ်ငန်းများ၏တိုးတက်မှုနှင့် အခြေအနေအရပ်ရပ်ကို အစည်းအဝေးများအတွင်းတွင်လည်းကောင်း၊ ဖုန်းဆက်အကြောင်းကြား၍ လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း၊ group chat များတွင် သော်လည်းကောင်း၊ dashboard တည်ဆောက်၍ သော်လည်းကောင်း မျှဝေပြီး မိမိ၏team member များအား အသိပေးနိုင်သည်။
 
Resourcing – Alignment on Who is Doing What
Resourcing ပြုလုပ်ရာတွင် ကောင်းစွာချိန်ညှိနိုင်မှု (alignment) ရရှိရန်အတွက် တာဝန်ခွဲဝေမှုနှင့် team member တဦးစီ၏ အခန်းက႑များ သတ်မှတ်ခွဲဝေမှုကို ပွင့်လင်းပြတ်သားစွာ ဆောင်ရွက်ရမည်။ တာဝန်များခွဲဝေ သတ်မှတ်ရာတွင် team member ၏ အားသာချက်နှင့် ကျွမ်းကျင်မှုအပေါ်အခြေခံ၍ ခွဲဝေသတ်မှတ်ပါက ထို team member ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး မိမိလုပ်ရသော အလုပ်နှင့်ပတ်သက်၍ စိတ်ကျေနပ်မှု ရရှိစေသည်။ RACI Model ကဲ့သို့သော toolများအသုံးပြုခြင်းဖြင့် team အတွင်း ကောင်းမွန်သော အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းနှင့် ရှင်းလင်းစွာ တာဝန်ခွဲဝေခြင်း တို့ကို မြှင့်တင်ပေးနိုင်သည်။ မိမိဆောင်ရွက်နေသည့် လုပ်ငန်းများသည် (လိုအပ်လျှင်) အပြောင်းအလဲ လုပ်ရနိုင်ပြီး ထိုပြောင်းလဲရန် လိုအပ်ချက်များအတွက် မိမိဘက်မှ ပြောင်းလွယ်ပြင်လွယ် ဖြစ်နေသင့်သည်။ Team ခေါင်းဆောင်များအနေနှင့် team member များ လုပ်ငန်းအတူတကွ ဆောင်ရွက်ရာတွင် လိုအပ်သည့် alignment ရရှိစေရန် အသုံးပြုနိုင်မည့် tool များ နှင့် သင်တန်းများ စီစဉ်ပေးခြင်းဖြင့် ပံ့ပိုးပေးရမည်။
 
Culture – Alignment on How We Want to Work Together
ထိရောက်သော အသင်းအဖွဲ့ အဖြစ် (effective teamwork)အတူအကွ ဆောင်ရွက်လုပ်ကိုင်ခြင်းတွင် အပြုသဘောဆောင်သည့် အသင်းအဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများ (positive team culture) ရှိခြင်းသည် အခြေခံကျသည်။ Team member များသည် company ၏ core value များကို သေချာစွာ နားလည်ပြီး လိုက်နာအကောင်အထည်ဖော်ရန် လိုအပ်သည်။ ထို core value များ သည် အသင်းအဖွဲ့အတွင်း မည်ကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ကို လမ်းညွှန်ပေးနိုင်သည်။ Core value များကို လိုက်နာအကောင်အထည်ဖော်ခြင်းတွင် team member အချင်းချင်း အပြန်အလှန် လေးစားသမှုကို ပြသခြင်း၊ ပျက်စီးလိုသောသဘောနှင့်မဟုတ် - ပို၍ တိုးတက်ကောင်းမွန်စေလိုသော သဘောနှင့်ပေးသော တုံ့ပြန်ချက် (constructive feedback) ပေးခြင်း၊ တစ်ဦး၏ ကြိုးစားအားထုတ်မှုကို တစ်ဦး အသိအမှတ်ပြုခြင်း၊ အသင်းအဖွဲ့၏ အောင်မြင်မှုကို အတူအကွ အောင်ပွဲခံခြင်း၊ company နှင့် team မှ ချမှတ်ထားသော protocol များကို လေးစားလိုက်နာခြင်း စသည့်အချက်များပါဝင်သည်။ ခိုင်မာသော team culture ကိုတည်ဆောက်နိုင်ပါက အချင်းချင်း ရိုင်းပင်းကူညီပေးသော လုပ်ငန်းခွင် တခုကို ကောင်းမွန်စွာတည်ဆောက်နိုင်မည်ဖြစ်သည်။
 
သင်၏လုပ်ငန်းခွင်အတွင်း team alignment ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့ RVi မှ အသင့်ရှိနေပါသည်။ RVi ကို +959 961 798 285 | +959 4573 03825 | [email protected] | [email protected] မှ တဆင့် ဆက်သွယ်လိုက်ပါ။
 
To ensure alignment within a team, it is crucial to focus on three key areas: shared goals, resources allocation, and developing team culture.
 
Shared Goals – Alignment on What We Are Doing
Creating shared goals begins with ensuring that everyone understands the organization’s vision and mission. Next, set specific, measurable, achievable, relevant and Time-bound (SMART) goals that everyone agrees on and understands. Effective communication is vital in this process; team members must regularly share progress and updates through meetings, phone calls, emails, group chats, or a shared dashboard to keep everyone informed and focused.
 
Resourcing – Alignment on Who is Doing What
For proper alignment in resourcing, it is essential to clearly define roles and responsibilities to avoid overlap and ensure clarity. Assign tasks based on individual strengths and areas of expertise to maximize efficiency and job satisfaction. Utilize tools like “RACI” Model (Responsible, Accountable, Consulted, and Informed) or “Responsibility Chart” to enhance communication and clarity. Team members should be flexible with resource allocation to adapt changing needs and leaders must provide the necessary tools and training to support the team effectively.
 
Culture – Alignment on How We Want to Work Together
Establishing a positive team culture is fundamental to effective teamwork. Team members need to understand and embody the core values of the organization, which guide how the team collaborates. This includes reflecting mutual respect, offering constructive feedback, recognizing, and celebrating team achievements and adhering to established protocols. A strong team culture fosters a supportive work environment.
 
We are ready to support you in implementing alignment within your team. Please contact us at at +959 961 798 285 | +959 4573 03825 or email us at [email protected] | [email protected].
 
Let’s embark on a journey to unlock the endless possibilities of building great teamwork together!

ခိုင်မာသော team culture ကိုတည်ဆောက်နိုင်ပါက အချင်းချင်း ရိုင်းပင်းကူညီပေးသော လုပ်ငန်းခွင် တခုကို ကောင်းမွန်စွာတည်ဆောက်နိုင်မည်ဖြစ်သည်။