+95 1 230 59988
No. 72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
HOW TO LEAD YOUR TEAM IN A CRISIS

HOW TO LEAD YOUR TEAM IN A CRISIS

Gerald G. Capinpin

 Business stakeholders typically never get the chance to plan for a crisis, for you can never say “There will be no scheduled crisis tomorrow for my appointments are already full” But you do have the option reshape the turn of events based on how you and your team react to one. A positive approach in a crisis is always called for.

Solid leadership is called upon to have a concrete plan in place to minimize the impact of the crisis on you and your business. It will always be about a crafting policies for bringing order to the organization amidst the chaos, such as a procedure to begin developing solutions. Identifying and focusing on the opportunities amid the trying times Throughout the entire “crisis cycle”, it’s also important to be by your team as much as possible. When the team sees you, it has a calming effect for them to keep focused. So, being visible, keeping them informed on all activities, the desired outcome, and how they are doing will keep them engaged until the crisis has been resolved.

Contact us on how we can help you keep your team and yourself afloat on trying times like this. We can custom fit trainings that can help you through the crisis.

ကမ္ဘာတဝှမ်းရှိစီးပွားရေးလုပ်ငန်းရှင်အတော်များများသည်  မိမိတို့ကြုံတွေ့လာနိုင်သည့် crisis အခြေအနေတစ်ခုကို ကြိုတင်တွေးတော၍ ထိုအခြေအနေနှင့် အမှန်တကယ် ကြုံတွေ့လာပါက မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် အစီအစဉ်ကို ရေးဆွဲချမှတ်ထားရန်  အခွင့်အလမ်း နည်းပါးကြသည်။ အကြောင်းမှာ မိမိတို့၏ အချိန်ဇယားသည် ကြိုတင်ချိန်းဆိုထားသော အစည်းအဝေးများနှင့် အမြဲပြည့်နှက်နေတတ်ပြီး၊ မိမိတို့သေချာပေါက် မလွဲမသွေ ကြုံတွေ့ရမည့် အခက်အခဲအကြပ်အတည်းဆိုသည်မှာလည်း မမှန်းဆနိုင်သေးသည့် အခြေအနေတစ်ခုတွင် ရှိနေဆဲဟုမှတ်ယူထားသောကြောင့်ဖြစ်သည်။  သို့သော် ထိုလုပ်ငန်းရှင်များအတွက် crisis အခြေအနေတစ်ခုကို (ကံမကောင်းအကြောင်းမလှစွာ) ကြုံတွေ့ခဲ့ရသည်ရှိသော် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ team member များမှ ထိုအခက်အခဲကိုမည်ကဲ့သို့ တုံ့ပြန်၍ မိမိတို့၏ စီးပွားရေး လုပ်ငန်းများကို မတူညီသော ချဉ်းကပ်မှုဖြင့် ပြန်လည်ပုံဖော် အသက်သွင်းနိုင်မည့် option တစ်ခု ၊ ရွေးချယ်စရာလမ်းတစ်ခု အမြဲရှိနေသည်ကို သတိပြုမိစေလိုပါသည်။  ယခုအခါ ကမ္ဘာနှင့်အဝှမ်း ကျွန်ုပ်တို့ကြိုတင်မှန်းဆမထားခဲ့သည့် Covid 19 ၏ ရိုက်ခတ်မှုကို ကြီးစွာကြုံတွေ့ခံစားနေရပြီး ဤအကြပ်အတည်းအား ရင်ဆိုင်ကျော်လွှားရာတွင် အကောင်းမြင်၊ အပြုသဘောဆောင်သည့် ချဉ်းကပ်မှု ရှိရန်အထူးလိုအပ်သည်။

မှန်ကန်ခိုင်မာသော ခေါင်းဆောင်မှုဆိုသည်မှာ မိမိကိုယ်တိုင်နှင့် မိမိ၏စီးပွားရေးလုပ်ငန်းအပေါ် ယခု တွေ့ကြုံရသော crisis ၏ ရိုက်ခတ်မှု၊ အကျိုးသက်ရောက်မှုတို့အား တတ်နိုင်သမျှ လျှော့ချနိုင်ရန် ခိုင်မာသော အစီအစဉ်တစ်ခုကို ချမှတ်နိုင်သည့် ခေါင်းဆောင်မှုကို ဆိုလိုသည်၊ ယခုကဲ့သို့ ကမောက် ကမ အခြေအနေများဖြစ်ပေါ်နေသည့်အချိန်တွင် မိမိ၏ကုမ္ပဏီ၊ အဖွဲ့အစည်းအတွင်း အခြေအနေနှင့် ကိုက်ညီသော အစီအစဉ်တကျ စီမံခန့်ခွဲမှုများချမှတ်နိုင်ခြင်း (ဥပမာအားဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့ နေရသည့် အခြေအနေများအား ဖြေရှင်းနိုင်မည့်နည်းလမ်းများကို စတင်ရှာဖွေဖော်ထုတ်ရန် လုပ်ငန်းစဉ်များချမှတ်ခြင်း)၊ လက်ရှိကြုံတွေ့နေရသည့် crisis ကာလတစ်လျှောက်လုံး ရရှိနိုင်မည့် အခွင့်အလမ်းများအပေါ် အာရုံစူးစိုက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အပြင် team member များအား မိမိသည် သူတို့နှင့်အမြဲတစ်သားတည်း ရှိနေကြောင်း တတ်နိုင်သမျှ ပြသပေးရန်လည်းလိုအပ်သည်။ ဤကာလအတွင်း team member များနှင့် မိမိအကြား ကောင်းမွန် သော ဆက်သွယ်ရေးရှိနေခြင်းသည် ၎င်းတို့အနေဖြင့် မိမိတို့လုပ်ဆောင်နေသော လုပ်ငန်းများအပေါ် စိတ်အေးချမ်းတည်ငြိမ်စွာဖြင့် ပိုမိုအာရုံစူးစိုက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ team member များနှင့် IT နည်းပညာကို အသုံးပြု၍ အမြဲမပြတ်ထိတွေ့နေခြင်း၊ ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်သွားမည့် activity များနှင့် ရရှိလိုသည့် ရလဒ်များကို team member များအား စဉ်ဆက်မပြတ် သိစေခြင်းနှင့် ထို activity များကို အင်တိုက်အားတိုက် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်နေကြခြင်းတို့သည် ဤ crisis ကာလ လွန်မြောက်သည်အထိ မိမိနှင့်မိမိဝန်ထမ်းများ၏ စိတ်နှင့်ခန္ဓာကို တစ်သားတည်းကျစေ၍ engage ဖြစ်နေစေမည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းအား အရှိန်အဟုန်မပြတ်ဆက်လက်လည်ပတ်နိုင်စေရန်နှင့် ဤ crisis ကာလအား အောင်မြင်စွာကျော်ဖြတ်နိုင်ရန်အတွက် လိုအပ်သော ဝန်ဆောင်မှုများပေးရန်  RVi Institute | Professional Development Department သည် အဆင်သင့်ရှိနေပြီး လူကြီးမင်းတို့၏ အခြေအနေ၊ လိုအပ်ချက်များအပေါ်မူတည်၍ customized training program များ ရေးဆွဲပို့ချပေး နေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ လူကြီးမင်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် အောက်ဖော်ပြပါ mail များနှင့် phone number များမှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

A positive approach in a crisis is always called for.

  • leadership, crises